မမြင်ရပေမယ့်
ရင်မှာကြင်ရပါတယ်
မတွေ့ရပေမယ့်
ဝေ့နေတဲ့မျက်ရည်မြေ့ မြေ့ ရှိပါတယ်
မပြုံးနိုင်ပေမယ့်
အမုန်းခိုင်ခိုင်အမြစ်တွယ်ခဲ့ပြီလား
မပြောရဲပေမယ့်သဘောပဲလို့တော့တွေးမိပါသေးရဲ့
မရနိုင်တာလည်း
ငါ့အပိုင်ငါ့စွဲမှမဟုတ်တာပဲလေ
မဖြစ်ခဲ့ပေမယ့်
အပြစ်မဲ့အချစ်မှာ
အနှစ်ရဲ့မေတ္တာကိုသစ္စာဆိုမလား
မထားခဲ့ပေမယ့်
တံခါးမဲ့နှလုံးသားကနေ
အရှုံးများခင်တွယ်လိုက်ရင်း
ရင်ဝယ်ပိုက်ထွက်ခွာသွားခဲ့ပြီ
ဘာပဲဖြစ်ဖြစ်မရယ်
ဘာအကြောင်းကြောင့်ဆိုတာမသိရပေမယ့်
သတိရနေပါတယ်ဗျာ...
No comments:
Post a Comment