စာမျက်နှာများ

Tuesday, February 7, 2012

သူငယ်ချင်းတွေကို share ပေးဖို့ 10G မှ 50G အထိ free ရသောwebsite

ကိုယ်ပိုင်ဒေတာလေးတွေကို အွန်လိုင်းပေါ်ကသူငယ်ချင်းများဆီသို့ share ပေးချင်တဲ့အခါ ဒီလို publish site တွေမှာ တင်ချင်တဲ့အခါ share ပေးသောဆိုက်များတွင် ပိုက်ဆံပေးပြီး မှတ်ပုံတင်ရပါတယ်။ အဲဒီလိုပိုက်ဆံပေးပြီး ရှယ် ရတဲ့ဆိုက်တွေဟာလည်း လစဉ်နဲ့အမျှ ပိုက်ဆံသွင်းပေးနေရတာပါ။ ပိုက်ဆံမသွင်းနိုင်တဲ့အခါမှာ ကိုယ် upload လုပ်ထားတဲ့ ဒေတာတွေဟာ ပြန်ရမှာမဟုတ်ပါဘူး။ ဒီလိုမျိုးလစဉ်ကျေးသွင်းပြီး ရှယ် ရတဲ့ဆိုက်ကို ပိုက်ဆံမပေးပဲ free ရနိုင်တဲ့ဆိုက်တွေရှိပါတယ်။ ဒါပေမယ့် တော်တော်များများဟာ တင်ပို့နှုန်းအကန့်အသတ်၊ folder နှုန်းအကန့်အသက်နဲ့များပါတယ်။ ကျွန်တော်အခုပေးမဲ့ဆိုက်ကတော့ 10 G free ပေးပြီး ဘာအကန့်အသတ်မှမရှိပါဘူး။ နောက်ပိုင်း သူငယ်ချင်းတွေကို ကိုယ်ပိုင် share link နဲ့ invite လုပ်ပြီး ကိုယ် invite လုပ်လိုက်တဲ့အထဲက တစ်ယောက် အကောင့်လာလုပ်ရင် ကိုယ့်အတွက် 1G ထပ်တိုးပေးပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်အောက်မှာဝင်ကြည့်လိုက်နော်။

Tuesday, January 3, 2012

Hidden File တွေပြန်ဖော်မယ်ဗျာ

ကျွန်တော်တို့ MP3,MP4 ,Memory Stick တွေကို ကွန်ပြူတာနဲ့ချိတ်ဆက်အသုံးပြုတဲ့အခါမှာ စက်မှာ Virus ရှိနေခဲ့ရင်


ကျွန်တော်တို့စက်တွေကို ကူးနိုင်ပါတယ် တကယ်လို့ များသောအားဖြင့် autorun.exe ဆိုတဲ့ text ဖိုင်နဲ့လေးကနေစတင်ဝင်ရောက်လာပြီးတော့ အထဲမှာရှိတဲ့ folder တွေကိုဖျောက်ပစ်လိုက်တယ် နောက်ပြီးတော့ မူရင်းပုံစံဖိုဒါလေးလို


virus ဖိုဒါလေးတွေဖန်တီးပြီးတော့ဝင်ရောက်လာတယ် ။မူရင်းဖိုဒါဟုတ်မဟုတ်သေချာကြည့်ရင်တော့သိနိုင်ပါတယ် ။သူပြန်လုပ်ထားတဲ့ ဖိုဒါတွေက .exe ဆိုတဲ့ application ဖိုဒါတွေပြန်လုပ်ပေးခဲ့တာပါ အဲဒါကိုသိလို့ antivirus software နဲ့စစ်ကြည့်တဲ့အခါမှာ တော့ autorunအပါအ၀င် သူပွားထားတဲ့ .exe folder တွေအကုန်လုံးကိုဖျက်ပစ်လိုက်ပါတယ် ။သို့ပေမယ့် ကိုယ့်စက်ကိုကြည့်လိုက်တော့ ဘာမှမကျန်တော့ဘူး အားလုံးဗလာဖြစ်နေတာကိုတွေရတယ် ။အဲမကျေနပ်လို့ proerties ကိုဝင်ကြည့်ပြန်တော့ စက်ထဲမှာဒေတာတွေကရှိ


နေပြန်ရော အဲဘယ်လိုဖစ်ရတာလဲ သေချာစဉ်းစားကြည့်တော့ ဟိုကိုယ်တောချောတွေလက်ချက်ဖြစ်နေတာကိုး ။ဇာတ်လိုက်တွေက မူရင်းဖိုင်တွေကိုဖျောက်ပြီး သူတို့ဘော်ဘော်တွေကအစားထိုးဝင်လာတာလေ သူတို့ကိုသတ်လိုက်တော့ ဖျောက်ထားတဲ့ဖိုဒါတွေက ကိစ္စပြတ်


ရောပဲ စိတ်မပူပါနဲ့ လွယ်လွယ်လေးပဲ ပြန်ဖော်နည်းလေးတင်ပေးလိုက်ပြီနော် ဖတ်ရတာစိတ်လည်းမရှည်တော့ဘူးမလား ကဲလာပြီနော် ပထမဆုံးလုပ်ရမှာက ဒီလို my computer ထဲကိုဝင်လိုက်ရပြီလား ပြီးရင်အဲ ပုံလေးနဲ့ရှင်းလိုက်မယ်နော် ရတယ်ဟုတ်


အဲနံပါတ်1အနေနဲ့ folder option ထဲဝင်ပြီးပြီဆိုရင် နောက်တစ်ပုံကိုထပ်လုပ်ကြည့်ပေါ့နော်



နံပါတ်3 ပုံလေးအတိုင်း show hidden files & folder ကိုနှိပ်လိုက်ပါ


အဲဒီအဆင့်ထိအိုကေပြီလား မသိဘူးဘော်ဒါတို့


အိုကေရင်ဆက်သွားမယ်နော်


နောက်တစ်ဆင့်အနေနဲ့ hide protected စတဲ့ဟာလေးကို အမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ ပြီးရင်တော့ apply ကိုနှိပ် ok ကိုနှိပ်လိုက်ပါ အိုကေသွားမှာပါ ဒန့်ဒန့်ဒန့့်

မိမိUSB stick ထဲဒေတာတွေကူးလို့မရရင်(သို့) Write protect ဖြစ်နေခဲ့ရင်

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး

မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။

အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ

တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း

မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့်

လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.

HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies

ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး

တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry

Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့

Error မပေါ်တော့ပါ/

Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

Wednesday, October 5, 2011

ဇဝေဇ၀ါ

မနေ့ကအကြည့်တွေထက် ဒီနေ့အရောင်ပိုလက်လာသလိုပဲ

ဘယ်ကလာမှန်းမသိတဲ့ ခံစားချက်တွေကို

ခြေရာကောက်ကြည့်လိုက်တော့ ဒီနှလုံးသားကပဲမြစ်ဖျားခံသတဲ့

အယောင်ယောင်အမှားမှားနဲ့ပဲ ဒီညလည်းအိပ်မပျော်ပြန်ဘူး

အစွဲအလန်းတစ်ခုမှာ စွဲမြဲစွာပဲလန်းနေချင်တယ်

ငါ့အတွက်အားဆေးတစ်ခွက်လိုနေသလိုပဲ

ငါ့အသည်းကအချစ်ထဲကြာကြာစိမ်ရင်ဖောင်းပွလာလို့

အလွမ်းတွေနဲ့ပဲလေသလပ်ခံလိုက်တယ်

တစ်ခါတစ်ခါ အလိုက်သိတတ်မှုက

အချစ်ကိုရေငုံနှုတ်ပိတ်စေတယ်

ခံစားမှုမှာစီးမျောနေပြန်တော့လည်း

သွေးပြန်ကြောတွေကိုထုံထိုင်းစေတယ်

ရောင့်ရဲမှုနဲ့တွယ်တာနေပြန်ရင်လည်း

အချစ်ကကျောခိုင်းထွက်ခွာသွားတတ်ပြန်တယ်

ဒီလိုနဲ့ပဲမနေ့ကအကြည့်တွေကို

အရောင်ထပ်တင်ရင်း......။

G.Ray

ဘုရားဂုဏ်တော်(၉)ပါး

(၁) အရဟံ

(က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။


(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း သွားခြင်း)
(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆)ပါး

သူငယ်ချင်းလေးဖတ်ဖို့ဟာတွေရေးနေရင်းကနေ မနေ့ညက လင်းရဲ့ဖေဖေက အိမ်မှာ လင်းကိုမေးပါတယ်။''သားငယ်

သားလည်း တရားစခန်းတွေဝင် ဘာသာရေးတွေလုပ်နေတာပဲ ။တရားဂုဏ်တော်(၆)ပါးရဲ့အဓိပါယ်ကိုသိလားမေးတော့

ကျွန်တော် တော်တော်လေးကိုရှက်သွားတယ်။အဲဒါနဲ့စာအုပ်တွေထဲပြန်ရှာပြီးတော့ သူငယ်ချင်းတို့လည်းသိပါစေတော့

ဆိုပြီး တင်ပေးလိုက်ပါတယ်နော်။

တရားဂုဏ်တော် (၆)ပါး

ဘဂ၀တာဓမ္မော-ဘဂ၀ါဟောကြားတရားတော်မြတ်များသည်-

(၁) သွာက္ခာတော= ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂) သန္ဒိဋ္ဌိကော= ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) အကာလိကော= ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဧဟိ ပဿိက = ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) သြပနေယျိက = ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ = လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။


တရားတော်သည် မြတ်စွာဘုရားကကောင်းစွာဟောကြားထားသော တရားတော်ဖြစ်သောကြောင့် " သွာက္ခာတ " ဟူသောဂုဏ်တော်နှင့်ပြည့်စုံပါပေ၏ ။

တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကိုပေးတတ်သောကြောင့် "သန္ဒိဋ္ဌိက " ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် " အကာလိက " ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

တရားတော်သည် လာပါ ၊ရှုပါ ၊ ကျင့်ကြံပါဟူ၍ မပါပါအောင် ခေါ်ဆောင်တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် " ဧဟိ ပဿိက "

ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့် "သြပနေယျိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏ စိတ်၌ ကပ်၍

ဆောင်ထားထိုက်သော ကြောင့်" ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ " ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။



သူငယ်ချင်းတို့အားလုံးသေချာလေ့လာနိုင်ပါစေနော်

ငါ့ ဘ၀ထဲကမိုးမိုးရွှေ

ညကိုတန်ဆာဆင်သူက…..မင်း
ဒါနဲ့ တောင်
ည၇ဲ့ အရိပ်မှာ
နားအေးပါးအေးဆက်လက်အိပ်စက်ချင်သူတဲ့ လား
ပါရမီဖြည့် ဖတ်ဆိုတာ
ဒီလိုပြုံးတယ်ကိုရဲ့ လို့ 
ကျဖူးတဲ့ မျက်ရည်တွေခိုးသုတ်ပြီး
ဒဏ်ရာတွေယူယူသွားတက်သူ……
တစ်ကယ်ဆို
ပန်းမပွင့် တဲ့ ဥယာဉ်မှာ
လေပြေလဲမတိုက်မှတော့ 
အော့ နှလုံးနာစရာညနေတွေကို
ဖတ်တွယ်မထားသင့် တော့ မှန်း
တကိုယ်ကောင်းဆန်စွာမတွေးမိသူဟာ
ပိုနာကျင်တက်တယ်မိုးမိုးရွှေ…………..
အပေးနဲ့ အယူဆိုတာ
မျှတတဲ့ ညီမျှခြင်းတွေဖြစ်ချင်မှဖြစ်မယ်လို့ 
ခံယူထားမှတော့ 
ငါ့ ကိုအမြဲတမ်းညီမျှခြင်းခံပြီး
စဉ်စားပေးနေတာ
အံ့ သြစရာများလား…………..
ကိုယ့် ဘ၀နဲ့ ကိုယ်
နောက်ထပ်လောင်မြိုက်မှု့ တွေ
အဆစ်ပါလာတာလဲ
ဝဋ်တစ်ခုရဲ့ သီအိုရီလို့ သာ
တွေးပေးပါတော့ ……………
ငါ့ ရဲ့ မှောင်မိုက်ခြင်းမှာ
ကြယ်တစ်လုံးစာလောက်
လတစ်စင်းစာလောက်
နေတစ်စင်းစာလောက်လင်းပေးလို့ မရရင်တောင်
ပိုးစုန်းကြူးလို
ငါ့ ရှေ့ ကပျံသန်း
လမ်းအမှန်ဟာ
ဒီမှာပါလိုညွှန်းပြဆင်ယင်နေချင်သူ
ကံကြမ္မာချပ်ဝတ်ကဘယ်တော့ မှချပ်ချပ်ရပ်ရပ်
မရှိတက်ပေမဲ့ 
မင်းအပြုံးတွေကြောင်
ငါ့ ရဲ့ ဟန်ချက်တွေဘယ်တော့ မှ
မယိုင်ခဲ့ ပါဘူး………………….
နွမ်းဖတ်နေတဲ့ 
ပွေ့ ဖတ်ခြင်းမှာတော့ 
ရင်ခုန်သံကို
မေတ္တာနဲ့ ကွန့် ထားမိတယ်……………
တန်ဖိုးတစ်ခုရဲ့ ဖွင့် ဆိုခြင်းမှာ
ပမာဏကန့် သက်ချက်က
သူဘာသာသက်မှတ်ပြီးသားမို့ 
ကိုဘယ်လောက်ချစ်တယ်ဆိုတာထက်
အဲ့ ဒီအချစ်ရဲ့ တန်ဖိုးကို
မြတ်မြတ်နိုးနိုးပန်ဆင်ခွင့် ရစေရမယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မင်းလူန