စာမျက်နှာများ

Wednesday, October 5, 2011

တရားဂုဏ်တော် (၆)ပါး

သူငယ်ချင်းလေးဖတ်ဖို့ဟာတွေရေးနေရင်းကနေ မနေ့ညက လင်းရဲ့ဖေဖေက အိမ်မှာ လင်းကိုမေးပါတယ်။''သားငယ်

သားလည်း တရားစခန်းတွေဝင် ဘာသာရေးတွေလုပ်နေတာပဲ ။တရားဂုဏ်တော်(၆)ပါးရဲ့အဓိပါယ်ကိုသိလားမေးတော့

ကျွန်တော် တော်တော်လေးကိုရှက်သွားတယ်။အဲဒါနဲ့စာအုပ်တွေထဲပြန်ရှာပြီးတော့ သူငယ်ချင်းတို့လည်းသိပါစေတော့

ဆိုပြီး တင်ပေးလိုက်ပါတယ်နော်။

တရားဂုဏ်တော် (၆)ပါး

ဘဂ၀တာဓမ္မော-ဘဂ၀ါဟောကြားတရားတော်မြတ်များသည်-

(၁) သွာက္ခာတော= ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂) သန္ဒိဋ္ဌိကော= ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) အကာလိကော= ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဧဟိ ပဿိက = ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) သြပနေယျိက = ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ = လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။


တရားတော်သည် မြတ်စွာဘုရားကကောင်းစွာဟောကြားထားသော တရားတော်ဖြစ်သောကြောင့် " သွာက္ခာတ " ဟူသောဂုဏ်တော်နှင့်ပြည့်စုံပါပေ၏ ။

တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကိုပေးတတ်သောကြောင့် "သန္ဒိဋ္ဌိက " ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။

တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် " အကာလိက " ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

တရားတော်သည် လာပါ ၊ရှုပါ ၊ ကျင့်ကြံပါဟူ၍ မပါပါအောင် ခေါ်ဆောင်တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် " ဧဟိ ပဿိက "

ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့် "သြပနေယျိက" ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။

တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏ စိတ်၌ ကပ်၍

ဆောင်ထားထိုက်သော ကြောင့်" ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ " ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။



သူငယ်ချင်းတို့အားလုံးသေချာလေ့လာနိုင်ပါစေနော်

No comments:

Post a Comment