စာမျက်နှာများ

Wednesday, October 5, 2011

ဇဝေဇ၀ါ

မနေ့ကအကြည့်တွေထက် ဒီနေ့အရောင်ပိုလက်လာသလိုပဲ

ဘယ်ကလာမှန်းမသိတဲ့ ခံစားချက်တွေကို

ခြေရာကောက်ကြည့်လိုက်တော့ ဒီနှလုံးသားကပဲမြစ်ဖျားခံသတဲ့

အယောင်ယောင်အမှားမှားနဲ့ပဲ ဒီညလည်းအိပ်မပျော်ပြန်ဘူး

အစွဲအလန်းတစ်ခုမှာ စွဲမြဲစွာပဲလန်းနေချင်တယ်

ငါ့အတွက်အားဆေးတစ်ခွက်လိုနေသလိုပဲ

ငါ့အသည်းကအချစ်ထဲကြာကြာစိမ်ရင်ဖောင်းပွလာလို့

အလွမ်းတွေနဲ့ပဲလေသလပ်ခံလိုက်တယ်

တစ်ခါတစ်ခါ အလိုက်သိတတ်မှုက

အချစ်ကိုရေငုံနှုတ်ပိတ်စေတယ်

ခံစားမှုမှာစီးမျောနေပြန်တော့လည်း

သွေးပြန်ကြောတွေကိုထုံထိုင်းစေတယ်

ရောင့်ရဲမှုနဲ့တွယ်တာနေပြန်ရင်လည်း

အချစ်ကကျောခိုင်းထွက်ခွာသွားတတ်ပြန်တယ်

ဒီလိုနဲ့ပဲမနေ့ကအကြည့်တွေကို

အရောင်ထပ်တင်ရင်း......။

G.Ray

No comments:

Post a Comment