စာမျက်နှာများ

Wednesday, November 4, 2009

လွမ်းပုံပြင်

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်သတဲ့
ငါကတော့ ရွဲ့တဲ့တဲ့နဲ့ အသဲကွဲခဲ့တာပါ
မူပိုင်ဖြစ်ခွင့်ရှိပါလျှက်
ပြိုင်ဘက်ကို စင်တင်ခဲ့ဖူးတယ်
ခံစားချက်မှန်ကို ဖွင့်အန်မပြ
အတ္တနံရံတွေထဲ မှောင်ချခဲ့ဖူးတယ်
ဖြူစင်သယောင် ဟန်ဆောင်ရင်း
အပြုံးတုတွေက်ု မွေးဖွားခဲ့ဖူးတယ်
ကဲ....ကိုယ့်ရင်ကိုယ်ခွဲပြီးမှ
အယူခံ ဝင်လဲ အပိုပဲမဟုတ်လား...။
နင်... သွားပါတော့
ထားခဲ့ပြီးမှ ငဲ့ မကြည့်စတမ်း
( ဘာပဲဖြစ်ဖြစ် )
ငါကတော့ အသဲကွဲရင်း လွမ်းနေမယ်။

No comments:

Post a Comment