
ချစ်တယ်ဆိုတုန်းက တရားဝင်ပြောပြီး
ပစ်ပယ်သွားတော့မှ တိတ်တိတ်လေး ထွက်သွားရက်သူ
မင်းပေးတဲ့ရက်စက်ခြင်းတွေက
အလွမ်းနာကျနေတဲ့ ငါ့ရင်ခွင်မှာ ဆက်လက်ရှိနေမှာပါ
စွဲလမ်းမှုတွေဖြတ်တောက် လိုက်တာ
ခံနိုင်ရည် သာ ပျက်စီးကုန်လို့
အမြဲတမ်းတော့လွမ်းနေဦးမှာပဲ
အစားထိုးမရတဲ့ တမ်းတမှုတွေကလည်း
လွမ်းရ ရုံသက်သက်ပါပဲ
မင်းအတွက်နေ့နဲ့ညလွဲခဲ့တဲ့ငါ
လွမ်းဖို့ကျတော့ သတိရနေတတ်တယ်
ငါ့အတွက်တော့ အချစ်နဲ့ အလွမ်းဟာ
ပြောစရာမလိုတဲ့ ညီမျှခြင်းတွေပေါ့
အလွမ်းကို ခဏဖယ်ချ အမှတ်ရလို့ကြည့်လိုက်တော့
ငါ့အသည်းက မင်းပုံရိပ်လေးဖြစ်နေပြီ
လွမ်းရ လွမ်းလို့.......။
ပစ်ပယ်သွားတော့မှ တိတ်တိတ်လေး ထွက်သွားရက်သူ
မင်းပေးတဲ့ရက်စက်ခြင်းတွေက
အလွမ်းနာကျနေတဲ့ ငါ့ရင်ခွင်မှာ ဆက်လက်ရှိနေမှာပါ
စွဲလမ်းမှုတွေဖြတ်တောက် လိုက်တာ
ခံနိုင်ရည် သာ ပျက်စီးကုန်လို့
အမြဲတမ်းတော့လွမ်းနေဦးမှာပဲ
အစားထိုးမရတဲ့ တမ်းတမှုတွေကလည်း
လွမ်းရ ရုံသက်သက်ပါပဲ
မင်းအတွက်နေ့နဲ့ညလွဲခဲ့တဲ့ငါ
လွမ်းဖို့ကျတော့ သတိရနေတတ်တယ်
ငါ့အတွက်တော့ အချစ်နဲ့ အလွမ်းဟာ
ပြောစရာမလိုတဲ့ ညီမျှခြင်းတွေပေါ့
အလွမ်းကို ခဏဖယ်ချ အမှတ်ရလို့ကြည့်လိုက်တော့
ငါ့အသည်းက မင်းပုံရိပ်လေးဖြစ်နေပြီ
လွမ်းရ လွမ်းလို့.......။
No comments:
Post a Comment