ငယ်ရွယ်ပျိုလှစ်
နှလုံးသားဖူးသစ်
ချစ်တတ်စမှာ ရင်ခုန်သံ အသစ်
အချစ်စစ်ဟု
စိတ်မှာထင်မိ
ချစ်ခဲ့မိသည်.......
ရာသီကြာဟောင်း
ရက်တွေနှောင်းတော့
ရင်ခုန်သံဟောင်း
တစ်ယောက်ပြောင်းချင်
သို့သော်မချစ်
ရည်းစားဖြစ်လည်း
ကြည့်၊သွား၊ထိုင်၊ပြော
နေမိသော်လည်း
ဟိုမှာကျောင်းသူချောလှပြီဟု
စိတ်မှာထင်မိ
ချစ်မိပြန်သည်......။
No comments:
Post a Comment