ခွဲခွာရတော့မယ့်သူငယ်ချင်းများအတွက်အမှတ်တရရေးလိုက်ရပါတယ်
သူငယ်ချင်းတို့ရေ ……
ဝမ်းနည်းစရာကောင်းတဲ့ အချိန်တစ်ခုတော့ ငါတို့တတွေ တွေ့ကြုံရ တော့မယ်။
ဆယ်စုနှစ် နှစ်ခုလောက် လွယ်ခဲ့တဲ့ စာအုပ်အပြည့်နဲ့လွယ်အိတ်ကြီးပုခုံးပေါ် က လျောကျသွားတဲ့အခါ သူငယ်ချင်းတွေပါ ပါမသွားပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ။
နောင်တစ်ချိန် ဟိုနား တစ်ယောက်ဒီနားတစ်ယောက် တွေ့ရရင်ပဲ ငါဆုတောင်း ပြည့်တယ်လို့ ဆိုမယ်။
ငါ့အတွက်တော့ သူငယ်ချင်းဆိုတာ စာသင်ခရီးထဲက ဆူဖော် ဆူဖက်တင်မကဘူး အမှတ်ရစရာ မနက်စာဖြစ်တယ်။ လက်ဖက်ရည်တစ်ခွက်၊ ဒါမှမဟုတ် မန်ယူနဲ့ အာဆင်နယ် ပွဲတစ်ပွဲ ဖြစ်တယ်။ ပိုက်ဆံချေးတဲ့အချိန်၊ အကြွေးဆပ်တဲ့အချိန်ရယ် သောက်စားတဲ့ အချိန်အမှတ်ရစာတွေချည်းပါပဲ။
ခုတော့ ငါတို့ရဲ့ တွေ့ဆုံခြင်းက မိတ္ထီလာမြို့မှာတင် ကုန်ဆုံးတော့မယ်။ ငါတို့ရဲ့ (152) ယောက်ဆိုတာ နည်းတဲ့ပမာဏတော့မဟုတ်ဘူး။ သူငယ်ချင်းတွေ အများကြီးပေါ့။ ငါ့တစ်သက် ဒီလောက်များတဲ့သူငယ်ချင်းလည်း ထပ်ရဖို့မရှိတော့ဘူး။ အခု သူငယ်ချင်း (152) ယောက်ရလို့လည်း အရမ်းဝမ်းသာတာပေါ့။ ငါတစ်ခုတော့ အမှန်တိုင်း ၀န်ခံပါတယ်။ (152) ယောက်စလုံးနဲ့တော့ ရင်းနှီးတယ်လို့ မခံစားခဲ့ရဖူးဘူး ဆိုပေမဲ့ကျောင်းပြီးခါနီးတော့ ရင်းနှီးတယ်လို့ ခံစားရတယ်ဆိုတာပါပဲ။
ကဲ ခုတော့ မင်းတို့အမည်တွေကို ငါနှုတ်နဲ့ တိုးတိုးလေးရွတ်ဖို့လည်းအသင့်၊ လမ်းတွေ့ရင် အသံခပ်ကျယ်ကျယ်နဲ့ နှုတ်ဆက်ဖို့အသင့် ဖြစ်နေတဲ့အပြင် မင်းတို့ကို အိမ်မက်ထဲ ထည့်မက်ဖို့လည်းအသင့် …..။
No comments:
Post a Comment