စာမျက်နှာများ

Wednesday, November 4, 2009

စိတ်ကောင်းရှိသော ဖိနပ်ချုပ်သမား

ဟိုတုန်းက ဖိနပ်ချုပ်သမားတစ်ဦးဟာ လုပ်ရင်းကိုင်ရင်နဲ့ အဆင်မသင့်ဖြစ်သွားပြီး ပစ္စည်းဥစ္စာကုန်ဆုံး သွားတယ်။ နောက်ဆုံးသူ့ မှာ ဖိနပ်သေးသေးကလေး တရံစာအတွက်ပဲ သားရေကျန်တော်တယ်။ ဒါကြောင့် ညဘက်မှာ အဲဒီသရေကို ညှပ်ပြီး နောက်တစ်နေ့ ကျမှ ချုပ်မယ်လို့  ဆုံးဖြတ်လိုက်တယ်။ပြီးတော့ အိပ်ရာဝင်သွားတယ်။ သူဟာ စိတ်ကောင်းရှိသူတစ်ဦး ဖြစ်တဲ့အတွက် သူ့ ကိုယ်သူ ဘုရားသခင်ကို အပ်နှံပြီး အိပ်ပျော်သွားသတဲ့ ။ နောက်တစ်နေ့ နံနက်မှာ ဘုရားရှိခိုးပြီး ဖိနပ်ချုပ်ဖို့  အခန်းထဲဝင်သွားတဲ့အခါ ညကဖိနပ်တစ်ရံဟာ ညှပ်ထားတဲ့သားရေတွေနဲ့ ချုပ်ပြီးသား အဆင်သင့် ဖြစ်နေတာ
ကိုတွေ့ လိုက်ရတယ်။ ဖိနပ်ချုပ်သမားကြီးက သိပ်ကိုဝမ်းသာသွားတာပေါ့ ။ ဘာလုပ်လို့ ဘာကိုင်ရမန်း မသိအောင် ဖြစ်သွားပြီး ချုပ်ပြီးသားဖိနပ်ကလေးကို သေသေချာချာ ကိုင်တွယ်ကြည့်ရှုလိုက်သတဲ့ ။

ဖိနပ်ကလေးဟာ ချုပ်ရိုးချုပ်သားအလွန်ကောင်းပြီး လက်ရာမြောက်တာကို တွေ့ ရတယ်။ အဲသည်အချိန်မှာပဲ ၀ယ်သူတစ်ယောက် ရောက်လာပြီး ဖိနပ်ကလေးကို သိပ်သဘောကျသွားတဲ့ အတွက် ဈေးပိုပေးပြီး ၀ယ်သွားတယ် ။ ရတဲ့ငွေက ဈေးဖိုးသုံးပြီးတဲ့အပြင် နောက်ထပ်ဖိနပ်နှစ်ရံစာအတွက် သားရေဖိုးပါရလိုက်တယ် ။ သားရေ၀ယ်ပြီး ဖိနပ်နှစ်ရံစာ ညှပ်လိုက်တယ် ။ မနက်မှ စိတ်သစ်လူသစ်နဲ့ စချုပ်မယ်လို့  စိတ်ကူးလိုက်ပြီး အိပ်ရာဝင်လိုက်တယ် ။ ဒါပေမယ့် မိုးလင်းလို့ ကြည့် လိုက်တော့ ဖိနပ်နှစ်ရံ ချုပ်ပြီးသား အဆင်သင့် ဖြစ်နေပြီ ။ အရင်ကလိုပဲ လက်ရာသပ်ရပ်ကောင်းမွန်နေတာကို တွေ့ ရတယ် ။ ၀ယ်သူကလည်း သဘောကျတယ် ။ ဖိနပ်နှစ်ရံစလုံးကို နောက်ထပ်လေးရံစာ သားရေ၀ယ်လောက်တဲ့ငွေကို ပေးသွားတယ်။ နောက်တစ်နေ့ ကျတော့လည်း အဲသည့်
ဖိနပ်လေးရံ ချုပ်ပြီးသား တွေ့ ရတယ်။ အရင်ကလိုပဲ အဆင်ပြေသွားတယ်။ နောက်ပိုင်းမှာတော့သူ ညဘက်ညှပ်ထားတဲ့ ဖိနပ်သားရေတွေဟာ ဘယ်လောက်ပဲရှိရှိ မနက်မှာ အားလုံး ချုပ်ပြီးသားဖြစ်နေတာကို တွေ့ လိုက်ရတယ်။ ဒါကြောင့် သူဟာ စီးပွားရေး တိုးတက်ကောင်းမွန်လာပြီး မကြာခင်အတွင်းမှာပဲ ပြည့်စုံကြွယ်ဝတဲ့ အဆင့်အတန်းကို ပြန်ရောက်လာတာပေါ့။
ခရစ်စမတ်ရဲ့ နောက်ပိုင်း ညနေခင်းတစ်ခုမှာ ဖိနပ်ချုပ်သမားကြီးက နောက်တစ်နေ့  အတွက် ဖိနပ်တွေ ညှပ်နေရင်း
“တို့ ကို သည်လောက်ကူညီပေးနေတာ ဘယ်သူလဲဆိုတာ သိရရင် ကောင်းမယ်။ တို့ ဒီည
မအိပ်ဘဲ စောင့်ကြည့်ကြရင် မကောင်းဘူးလား” လို့ သူ့ ဇနီးကို ပြောလိုက်တယ်။ ဇနီးလုပ်သူကလည်း သဘောတူလိုက်ပြီး အိပ်ရာဝင်ခါနီးမှာ ဖယောင်းတိုင် ထွန်းခဲ့တယ်။ ပြီးတော့ အခန်းထောင့်တစ်နေရာကနေ အခြေအနေကို အကဲခတ်စောင့်ကြည့်နေတယ်။ သန်းခေါင်ယံရောက်တော့ ကိုယ်တုံးလုံးနဲ့ လူသေးသေးကလေးနှစ်ယောက်ရောက်လာပြီး အသင့်ညှပ်ထားတဲ့ သားရေစတွေကို သူတို့ လက်ကလေးတွေနဲ့ အပေါက်ဖောက်တယ်။ ကပ်တယ်။ ချုပ်တယ်။ သေလည်းသေသပ်တယ်။ မြန်လည်းမြန်တယ်။ ညှပ်ပြီးသား သားရေတွေကုန်သွားတဲ့အထိ မနားတမ်း ချုပ်ပြီးမှ ပြန်ထွက်သွားကြတယ်။ နောက်တစ်နေ့ နံနက်ကျတော့
ဇနီးလုပ်သူက “ ဒီကလေးတွေကြောင့် ကျွန်မတို့ စီးပွားဖြစ်လာတာပဲ။ သူတို့ ကို တစ်ခုခု ပြန်လုပ်ပေးသင့်တယ်။သူတို့ မှာ အ၀တ်အစားလည်းမပါဘူး။ သည်အတိုင်း
လျှောက်သွားနေတာ အေးမှာပေါ့။ ဒါကြောင့် ကျွန်မကတော့သူတို့ ကို ၀တ်စုံကောင်းကောင်းကလေးတွေ တစ်ဆင်စာ ဆင်ပေးလိုက်ချင်တယ်။ ရှင်ကတော့ ဖိနပ်တစ်ရံ
စီချုပ်ပေးလိုက်ပေါ့” လို့  ဖိနပ်ချုပ်သမားကို ပြောလိုက်တယ်။ အဲဒီတော့ ဖိနပ်ချုပ်သမားကလည်း
“အေး....ဟုတ်တယ်။ သည်အကြံ ကောင်းတယ်” လို့ သဘောတူလိုက်ညပီး အဲသည်နေ့ ညမှာ သူတို့ အတွက် ညှပ်ပြီးသား သားရေတွေအစား လက်ဆောင်
ပစ္စည်းတွေကို စားပွဲပေါ်တင်ထားပေးလိုက်တယ်။ ညဘက်ရောက်တော့ အရင်ကလိုပဲ တစ်နေရာကနေ အခြေအနေကို စောင့်ကြည့်နေလိုက်ကြတယ်။
သန်းခေါင်ယံမှာ သူတို့ ရောက်လာကြပြီး ချုပ်ရမယ့် သားရေစတွေကို လိုက်ရှာကြတယ်။ သားရေစတွေ မတွေ့ ဘဲ ၀တ်စုံကလေးတွေ တွေ့ လိုက်ရတဲ့
အတွက် ကထမအံ့အားသင့်သွားတယ်။ နောက်တော့မှ ဘဘောပေါက်လာပြီး အ၀တ်အစားတွေကို ၀မ်းသာအားရ ကောက်ဝတ်လိုက်ကြတယ်။ ပြီးတော့
“တို့ မှာ အ၀တ်အစားနဲ့ လှလှပပ ပြည့်ပြည့်စုံစုံ ဖြစ်သွားပြီ။ ဖိနပ်ချုပ်စရာ မလိုတော့ဘူး......ဖိနပ်ချုပ်စရာ မလိုတော့ဘူး......” လို့ လည်း သီဆိုပြီး
ကခုန်မြူးတူး နေကြတယ်။ တစ်ခန်းလုံးအပြည့် လှည့်လည်ကခုန်ပြီး အိမ်ထဲက ထွက်သွားကြတယ်။ အဲသည်နေ့ ကစပြီး နောက်ကို ဘယ်တော့မှ ပြန်မလာကြတော့ဘူးကွယ်။ အဲသည် နောက်ပိုင်းမှာတော့ ဖိနပ်ချုပ်သမားကြီးကလည်း ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့  အသက်ထက်ဆုံး ဆက်နေထိုင်သွားတယ်။
သူ လုပ်သမျှအလုပ်တွေကလည်း အောင်မြင်မှုရတာချည်းပဲတဲ့ကွယ်။

No comments:

Post a Comment