စာမျက်နှာများ

Sunday, November 15, 2009

အသဲကွဲဇာတ်လမ်း (၁)

ရှေ့ဆက်မယ့် အနာဂါတ်ထဲ
ငါ့အချစ်တွေမင်းအတွက်ပဲလို့
မိုးစက်တို့နဲ့တိုင်ပင်
ငါ့နှလုံးသားလွင်ပြင်မှာ
ခိုင်မာတဲ့ကျောက်တိုင်တစ်ခု
တည်ဆောက်ခဲ့ဖူးတယ်
လှောင်ရယ်သံတွေနဲ့
မင်းရဲ့ပြောင်းလဲဒဏ်ကြောင့်
ငါ့နှလုံးသားတစ်ထောင့်မှာ
တစ်ခါတစ်ရံဝမ်းနည်းခဲ့ဖူးပေမယ့်
မျက်ရည်ကျဖို့အထိ
ငါမကြိုးစားခဲ့မိဖူး
ငါ့ရဲ့ကဗျာတစ်ချို့
မင်းဖတ်ဖို့ပေးခဲ့ဖူးတာ
သိမ်းမထားပါနဲ့
အပြောင်းအလဲမြန်တဲ့မင်းကို
သူတို့ရွံ မုန်းနေကြလိမ့်မယ်...

No comments:

Post a Comment