စာမျက်နှာများ

Saturday, October 10, 2009

အနိစ္စ

မဖြစ်နိုင်မှန်းသိရဲ့နဲ့
လေထဲတိုက်အိမ်ဆောက်ဖို့
ငါ့ဆန္ဒတွေကို ပန္နက်ရိုက်လို့
foundation ချခဲ့ဘူးတယ်...
မျှော်လင့်ချက်ခပ်ပါးပါးနဲ့ပေါ့
တို့နှစ်ယောက် ဒီတစ်သက်
လမ်းမခွဲကြေးလို့
တီတီတာတာ ကြင်နာဟန်အပြည့်နဲ့
ပြောဆိုခဲ့တဲ့ မင်းနှူတ်ခမ်းက
လမ်းခွဲဖို့ နှုတ်ဆက်စကား
ပြောထွက်လိမ့်မယ်လို့
မထင်ခဲ့ရိုးအမှန်ပါ
အခုတော့
ပေါ့ပျက်ပျက်မင်းအနမ်းတွေကြောင့်
ငါ့နှုတ်ခမ်းမှာ
အလွမ်းတွေပျံ့ကျဲနေပြီ...။

No comments:

Post a Comment